User
Write something
Pinned
FYI Marketing Media Membership
ပထမဆုံးအနေနဲ့ FYI Media ကို စတင်ခဲ့တဲ့နေ့ကစပြီး အခုအချိန်ထိ အားပေးဖတ်ရှုခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ။ အားလုံးရဲ့ အားပေးမှုကပဲ FYI Media အနေနဲ့ ဒီဆောင်းပါးတွေကို ဆက်ရေးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ FYI Media ကို ရေရှည်ရပ်တည်နိုင်ဖို့နဲ့ ဒီထက်ပိုကောင်းတဲ့အကြောင်းအရာတွေကို တင်ဆက်နိုင်ဖို့အတွက် အခုအခါမှာတော့ Membership အစီအစဉ်ကို စီစဥ်လိုက်ပါတယ်။ စက်တင်ဘာ လကုန်ကနေ စပြီး FYI Media ရဲ့ ဆောင်းပါးတွေက Paid Member တွေအတွက်သာ သီးသန့်ဖြစ်သွားတော့မှာပါ။ ဒါကြောင့် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အရင်ဆုံး ဖိတ်ခေါ်ချင်ပါတယ်။ တလကို ၄ ဒေါ်လာ (မြန်မာငွေနှစ်သောင်းဝန်းကျင်) ကျသင့်မှာဆိုတော့ FYI Media ရဲ့ တစ်နှစ်စာ အသင်းဝင်ကြေးက ပုံမှန် ၄၈ ဒေါ်လာ (နှစ်သိန်းဝန်းကျင်) ကျသင့်မှာပါ။ ဒါပေမဲ့ အခု မိတ်ဆက်အစီအစဉ်အနေနဲ့ ၁၀ လစာနဲ့ တစ်နှစ်ပတ်လုံး ဖတ်ရှုခွင့်ကို ရမှာဖြစ်ပါတယ်။ တနှစ်စာသွင်းဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း ၃ လစာ အစီအစဉ် ၁၂ ဒေါ်လာ (မြန်မာငွေငါးသောင်းဝန်းကျင်)နဲ့ စသွင်းလို့ ရပါတယ်။ ဝယ်ယူဖို့ ဒါမှမဟုတ် အသေးစိတ်သိရှိဖို့ကိုတော့ m.me/fyi.news မှာ လာရောက်စုံစမ်းနိုင်ပါတယ်ဗျ။
7
0
FYI Marketing Media Membership
Pinned
မိတ်ဆက်ပေးကြပါဦး
ကိုယ့်ကိုယ် မိတ်ဆက်ပေးကြပါလား။ ဘယ်နိုင်ငံမှာနေနေတာလဲ၊ ဘယ်အလုပ်လုပ်နေတာလဲ စသဖြင့်ပေါ့။ တယောက်နဲ့ တယောက်လည်း နောက်ပိုင်းမှာ refer ပေးကြဖို့ လုပ်ကြရအောင်။
New Price Starting Tomorrow
FYI Community ရဲ့ "Psychological Biases ၁၀၀ " အကြောင်း Course မှာ Bias ၃၀ ပြည့်သွားပြီ ဖြစ်တဲ့အတွက် Course တန်ဖိုးကို တိုးပါတော့မယ်ခင်ဗျာ။ မနက်ဖြန် (တနင်္လာနေ့)က စပြီး ဒီ Course ရဲ့ ဈေးနှုန်းဟာ ၉၀,၀၀၀ ကျပ် ဖြစ်သွားပါမယ်။ ဒါပေမဲ့ အထူးအခွင့်အရေးပေးတဲ့အနေနဲ့... ဒီနေ့တစ်ရက်သာ နောက်ဆုံးထားပြီး ၅၀% Early Bird Discount (၇၅,၀၀၀) ကျပ်နဲ့ ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီနေ့ပြီးရင်တော့ လုံးဝရနိုင်တော့မှာ မဟုတ်ပါဘူး။ နောက်ထပ် Bias အသစ်တွေ ထပ်ထည့်တိုင်း ဈေးနှုန်းဟာ ဆက်တိုက်တက်သွားမှာပါ။ ဒီ Course ကနေ ရောင်းအားတက်ဖို့နဲ့ Marketing တွေ ပိုထိရောက်အောင် လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ နည်းလမ်းတွေနဲ့ အဖြေတွေကို အသေးစိတ်လေ့လာနိုင်မှာပါ။ Page Messenger မှာ "BIAS" လို့ အခုပဲ စာပို့ပြီး ဒီအခွင့်အရေးကြီးကို လက်လွှတ်မခံဘဲ နေရာဦးလိုက်ပါခင်ဗျာ။
0
0
New Price Starting Tomorrow
Brand တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ
Marketing လောကထဲကို အခုမှဝင်လာတဲ့သူတွေအတွက် Branding ဆိုတာက တော်တော်ခေါင်းစားစရာကောင်းတယ်ဗျ။ Strategy တွေ၊ Tool တွေ၊ Buzzword တွေက အများကြီးပဲမလား။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ခိုင်မာတဲ့ Brand တစ်ခုဖြစ်ဖို့က အဓိကကျတဲ့ မဏ္ဍိုင် (Pillar) အနည်းငယ်ပေါ်မှာပဲ မူတည်နေတာဗျ။ အဲ့ဒီအချက်တွေအားလုံး ချိတ်ဆက်မိသွားပြီဆိုရင် Customer တွေကို ဆွဲဆောင်နိုင်ရုံတင်မကဘဲ ရေရှည်မှာ Loyalty ပါတည်ဆောက်နိုင်တဲ့ System တစ်ခုဖြစ်လာမှာပဲ။ ၁။ Brand Story (ကိုယ့် Brand ရဲ့ ဇာတ်လမ်း) အောင်မြင်တဲ့ Brand တိုင်းရဲ့ နှလုံးသားက သူ့ရဲ့ ဇာတ်လမ်းပဲဗျ။ Brand Story ဆိုတာ ကိုယ့် Company ရဲ့ သမိုင်းကြောင်းတို့၊ Product ရဲ့ Feature တွေအကြောင်းပြောတာသက်သက်မဟုတ်ဘူး။ ဒါက လူတွေရဲ့ စိတ်ခံစားမှုနဲ့ resonate ဖြစ်မယ့် ဇာတ်လမ်းဇာတ်ကြောင်းတစ်ခုကို တည်ဆောက်တာပါ။ ဒီဇာတ်လမ်းတွေက Customer တွေကို ကိုယ်က ဘာရောင်းလဲဆိုတာထက် 'ဘာကြောင့်ရောင်းလဲ၊ ဘာကြောင့်အရေးကြီးလဲ' ဆိုတာကို နားလည်သွားစေတယ်။ ကိုယ့်ရဲ့ Owned, Paid, Earned, Shared Channel အားလုံးမှာ ဒီဇာတ်လမ်းကိုပဲ တစိုက်မတ်မတ်ပြောသွားတဲ့အခါ လူတွေက ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာကို ပုံသွင်းနိုင်လာမှာပါ။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီဇာတ်လမ်းကပဲ ကိုယ့်ရဲ့ ဂုဏ်သတင်း (Reputation) ရဲ့ အုတ်မြစ်ဖြစ်လာမှာပါ။ ၂။ Brand Promise (ကိုယ်ပေးတဲ့ ကတိကဝတ်) အဲ့ဒီဇာတ်လမ်းနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာက Brand Promise ပဲဗျ။ ဒါက ကိုယ့် Customer တွေကို ပေးထားတဲ့ ကတိကဝတ်တစ်ခုပါပဲ။ ကိုယ့် Brand နဲ့ ထိတွေ့ဆက်ဆံတိုင်းမှာ သူတို့ရရှိနိုင်မယ့် စိတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေပေါ့။ ဥပမာ - စိတ်ချယုံကြည်ရမှု (Reliability)၊ ဆန်းသစ်တီထွင်မှု (Innovation)၊ ပျော်ရွှင်မှု (Joy) စတာတွေပေါ့ဗျာ။ ဒီကတိကိုဖောက်ဖျက်ရင် ယုံကြည်မှု (Trust) က ချက်ချင်းကျဆင်းသွားနိုင်ပြီး၊ တစိုက်မတ်မတ်တည်နိုင်ရင်တော့ Credibility နဲ့ Loyalty ကို တည်ဆောက်နိုင်မှာပါ။ ၃။ Consumer Knowledge (Customer ကို နားလည်ခြင်း) ဘယ်သူ့ကို Story ပြောလို့ပြောရမှန်းမသိရင် အလကားပဲမလားဗျ။ အဲ့ဒါကြောင့် 'Consumer Knowledge' က Marketing အားလုံးကို လမ်းညွှန်ပေးတဲ့ သံလိုက်အိမ်မြှောင်တစ်ခုလိုပဲဗျ။ ကိုယ့်ရဲ့ Target Audience က ဘာလိုအပ်လဲ၊ ဘာကိုကြောက်လဲ၊ ဘာကသူတို့ကို motivate လုပ်လဲဆိုတာကို နားလည်ထားမှ သူတို့နဲ့ resonate ဖြစ်မယ့် Experience တွေ ဖန်တီးနိုင်မှာ။ ဒါက အသက်၊ ကျား/မ လောက်သိရုံထက်ပိုပြီး သူတို့ရဲ့စိတ်ထဲဝင်ကြည့်ပြီး သူတို့နောက်တစ်ဆင့် ဘာလိုချင်မလဲဆိုတာကို ကြိုတွေးနိုင်ရမယ်။ Funnel Tracking တို့၊ Behavioral Analysis တို့၊ Research တွေ အမြဲလုပ်နေမှ ဒါကိုသိနိုင်မှာပါ။
3
0
Brand တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ
Google Photos မှာ ဓာတ်ပုံကို Video ပြောင်းလို့ရပြီ
ကျနော်တို့ ဖုန်းထဲမှာ Google Photos သုံးတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုပါဗျ။ အခု Google က သူ့ရဲ့ နောက်ဆုံးပေါ် Veo 3 AI model ကို Google Photos ထဲမှာ ထည့်ပေးလိုက်ပြီ။ ဆိုလိုတာက ကိုယ့်ရဲ့ ဓာတ်ပုံတစ်ပုံကို အရည်အသွေးအရမ်းကောင်းတဲ့ Video အတိုလေးတစ်ခုအဖြစ် ပြောင်းလို့ရသွားပြီပေါ့ဗျာ။ အရင် Veo 2 model ထက် အခု Veo 3 က အများကြီးပိုကောင်းလာတယ်လို့ Google ကပြောတယ်ဗျ။ Video တွေက ပိုပြီးအဆင်ပြေတယ်၊ အလင်းအမှောင်တွေ ပိုကောင်းလာတယ်၊ အရင်ကလို 'floaty' motion မျိုးတွေ မရှိတော့ဘူးပေါ့။ သုံးရတာလည်းလွယ်တယ်၊ Google Photos ထဲက 'Create' tab အသစ်ထဲဝင်၊ ဓာတ်ပုံတစ်ပုံရွေးပြီး 'Subtle movement' တို့ 'I'm feeling lucky' တို့ကို နှိပ်လိုက်ရုံပဲ။ ဒါပေမဲ့ အားနည်းချက်လေးတွေတော့ရှိတယ်ဗျ။ အရင်က ၆ စက္ကန့်စာ Video ပေးပေမယ့် အခု Veo 3 နဲ့လုပ်တဲ့ Video တွေက ၄ စက္ကန့်ပဲရှည်တော့တယ်။ နောက်ပြီး Gemini တို့မှာ Veo 3 က အသံပါထုတ်ပေးနိုင်ပေမယ့် Google Photos ထဲမှာတော့ အသံမပါဘူးဗျ။ Free User တွေအတွက်တော့ တစ်နေ့ကို အကြိမ်အရေအတွက် အကန့်အသတ်နဲ့ပဲ Video တွေလုပ်ခွင့်ပေးထားတယ်ဗျ။ ပိုသုံးချင်ရင်တော့ Google AI Pro တို့ AI Ultra တို့လို ပိုက်ဆံပေးသုံးရတဲ့ Plan တွေကို Upgrade လုပ်ရမှာပေါ့။ အချုပ်ပြောရရင်တော့ Google က အရင်က ပိုက်ဆံပေးမှသုံးလို့ရတဲ့ AI နည်းပညာအမြင့်တွေကို Google Photos လို လူတိုင်းသုံးနေတဲ့ App ထဲကို တဖြည်းဖြည်းထည့်ပေးလာတာပဲဗျ။ User အယောက် ၁.၅ ဘီလီယံကျော်ရှိတဲ့ Platform ပေါ်မှာ ဒီလို Feature တွေထည့်ပေးလိုက်တာက AI ကို လူတိုင်းလက်လှမ်းမီအောင်လုပ်ပေးတဲ့ Google ရဲ့ Strategy တစ်ခုပဲလို့ မြင်တယ်။ Ref: https://focalml.com/blog/google-veo-2-in-action-what-its-good-for-and-when-to-switch-models-in-focal/ https://www.reddit.com/r/Android/comments/1n8en5c/google_photos_now_lets_you_animate_your_camera/ https://finance.yahoo.com/news/google-photos-upgrades-image-video-160000427.html
1
0
Google Photos မှာ ဓာတ်ပုံကို Video ပြောင်းလို့ရပြီ
1-30 of 52
powered by
FYI Marketing Media
skool.com/fyi-marketing-media-8946
FYI က Business နဲ့ AI လောကရဲ့ Trend အသစ်တွေနဲ့ သတင်းတွေကို မြန်မာဘာသာနဲ့ ပြန်ဝေမျှပေးနေပါတယ်။ ဝင်ခွင့်ရဖို့ m.me/fyi.news ကို စာပို့ပေးပါ။