ပထမဆုံးအနေနဲ့ FYI Media ကို စတင်ခဲ့တဲ့နေ့ကစပြီး အခုအချိန်ထိ အားပေးဖတ်ရှုခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ။ အားလုံးရဲ့ အားပေးမှုကပဲ FYI Media အနေနဲ့ ဒီဆောင်းပါးတွေကို ဆက်ရေးဖြစ်ခဲ့တာပါ။
ဒါပေမဲ့ FYI Media ကို ရေရှည်ရပ်တည်နိုင်ဖို့နဲ့ ဒီထက်ပိုကောင်းတဲ့အကြောင်းအရာတွေကို တင်ဆက်နိုင်ဖို့အတွက် အခုအခါမှာတော့ Membership အစီအစဉ်ကို စီစဥ်လိုက်ပါတယ်။
စက်တင်ဘာ လကုန်ကနေ စပြီး FYI Media ရဲ့ ဆောင်းပါးတွေက Paid Member တွေအတွက်သာ သီးသန့်ဖြစ်သွားတော့မှာပါ။ ဒါကြောင့် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အရင်ဆုံး ဖိတ်ခေါ်ချင်ပါတယ်။
တလကို ၄ ဒေါ်လာ (မြန်မာငွေနှစ်သောင်းဝန်းကျင်) ကျသင့်မှာဆိုတော့ FYI Media ရဲ့ တစ်နှစ်စာ အသင်းဝင်ကြေးက ပုံမှန် ၄၈ ဒေါ်လာ (နှစ်သိန်းဝန်းကျင်) ကျသင့်မှာပါ။ ဒါပေမဲ့ အခု မိတ်ဆက်အစီအစဉ်အနေနဲ့ ၁၀ လစာနဲ့ တစ်နှစ်ပတ်လုံး ဖတ်ရှုခွင့်ကို ရမှာဖြစ်ပါတယ်။
တနှစ်စာသွင်းဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း ၃ လစာ အစီအစဉ် ၁၂ ဒေါ်လာ (မြန်မာငွေငါးသောင်းဝန်းကျင်)နဲ့ စသွင်းလို့ ရပါတယ်။
ဝယ်ယူဖို့ ဒါမှမဟုတ် အသေးစိတ်သိရှိဖို့ကိုတော့ m.me/fyi.news မှာ လာရောက်စုံစမ်းနိုင်ပါတယ်ဗျ။