Google Gemini မှာ Audio File တွေတင်လို့ရပြီ
Google Gemini ကိုသုံးနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုရှိတယ်ဗျ။ User တွေ အတောင်းဆိုဆုံး Feature တစ်ခုဖြစ်တဲ့ Audio File တင်တဲ့စနစ်ကို နောက်ဆုံးတော့ ထည့်ပေးလိုက်ပြီ။ Gemini ရဲ့ VP တစ်ယောက်ဖြစ်တဲ့ Josh Woodward အပြောအရ ဒါက App စထွက်ကတည်းက လူတွေ အတောင်းဆိုဆုံး Feature ပဲတဲ့ဗျ။ အခုဆိုရင် Android, iOS နဲ့ Web အကုန်လုံးမှာ MP3, WAV တို့လို Audio File တွေကို တင်လို့ရပြီ။ Free User တွေကတော့ တစ်နေ့ကို ၅ ခါ၊ စုစုပေါင်း ၁၀ မိနစ်စာအထိ သုံးလို့ရမယ်။ AI Pro တို့လို ပိုက်ဆံပေးသုံးတဲ့သူတွေကတော့ ၃ နာရီစာအထိ ရမယ်တဲ့ဗျ။ ဒါနဲ့ ဘာတွေလုပ်လို့ရလဲဆိုတော့ အင်တာဗျူးတွေကို စာအဖြစ်ပြောင်းတာ၊ ကိုယ့်ရဲ့ Voice Memo တွေကို ခွဲခြမ်းစိတ်ဖြာတာ၊ သင်တန်း Recording တွေကို အတိုချုပ်ခိုင်းတာမျိုးတွေအထိ လုပ်လို့ရလာပြီ။ တကယ်တော့ ဒီ Feature က ChatGPT တို့မှာ လပေါင်းများစွာကတည်းက ရနေတာဆိုတော့ Gemini မှာ အခုမှပါလာတာကို တချို့က ‘ထူးဆန်းတဲ့ ချန်လှပ်မှုတစ်ခု’ လို့တောင် ပြောကြတယ်ဗျ။ အခုတော့ ပြိုင်ဘက်တွေနဲ့ တန်းတူဖြစ်အောင် လိုက်လုပ်လိုက်တဲ့သဘောပေါ့။ Audio Feature အပြင် တခြား Update လေးတွေလည်းပါတယ်ဗျ။ Google Search က AI Mode မှာ ဘာသာစကားအသစ် ၅ မျိုး (Hindi, Indonesian, Japanese, Korean, Portuguese) ထပ်တိုးထားတယ်။ နောက်ပြီး Research လုပ်တဲ့သူတွေအတွက် NotebookLM မှာလည်း ကိုယ်တင်ထားတဲ့ စာရွက်စာတမ်းတွေကို Study Guide တို့၊ Blog Post တို့လို ကိုယ်လိုချင်တဲ့ ပုံစံအမျိုးမျိုးနဲ့ Report ပြန်ထုတ်ပေးနိုင်တဲ့ Feature ကို ဘာသာစကား ၈၀ ကျော်မှာ ထပ်ထည့်ပေးထားတယ်ဗျ။ အချုပ်ပြောရရင်တော့ Google က သူ့ရဲ့ AI Tool တွေကို တခြားပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်ဖို့ Feature တွေ တောက်လျှောက်ထည့်နေတာပေါ့ဗျာ။ အခုလို Audio File တွေပါ သုံးလို့ရလာတော့ Gemini က အရင်ကထက် အများကြီးပိုပြီး အသုံးဝင်လာမှာတော့ သေချာတယ်ဗျ။ Ref: https://www.androidauthority.com/gemini-audio-uploads-3595927/ https://chromeunboxed.com/audio-uploads-one-of-the-top-requested-gemini-features-is-now-here/ https://www.androidpolice.com/gemini-audio-uploads-now-supported/