User
Write something
Brand တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ
Marketing လောကထဲကို အခုမှဝင်လာတဲ့သူတွေအတွက် Branding ဆိုတာက တော်တော်ခေါင်းစားစရာကောင်းတယ်ဗျ။ Strategy တွေ၊ Tool တွေ၊ Buzzword တွေက အများကြီးပဲမလား။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ခိုင်မာတဲ့ Brand တစ်ခုဖြစ်ဖို့က အဓိကကျတဲ့ မဏ္ဍိုင် (Pillar) အနည်းငယ်ပေါ်မှာပဲ မူတည်နေတာဗျ။ အဲ့ဒီအချက်တွေအားလုံး ချိတ်ဆက်မိသွားပြီဆိုရင် Customer တွေကို ဆွဲဆောင်နိုင်ရုံတင်မကဘဲ ရေရှည်မှာ Loyalty ပါတည်ဆောက်နိုင်တဲ့ System တစ်ခုဖြစ်လာမှာပဲ။ ၁။ Brand Story (ကိုယ့် Brand ရဲ့ ဇာတ်လမ်း) အောင်မြင်တဲ့ Brand တိုင်းရဲ့ နှလုံးသားက သူ့ရဲ့ ဇာတ်လမ်းပဲဗျ။ Brand Story ဆိုတာ ကိုယ့် Company ရဲ့ သမိုင်းကြောင်းတို့၊ Product ရဲ့ Feature တွေအကြောင်းပြောတာသက်သက်မဟုတ်ဘူး။ ဒါက လူတွေရဲ့ စိတ်ခံစားမှုနဲ့ resonate ဖြစ်မယ့် ဇာတ်လမ်းဇာတ်ကြောင်းတစ်ခုကို တည်ဆောက်တာပါ။ ဒီဇာတ်လမ်းတွေက Customer တွေကို ကိုယ်က ဘာရောင်းလဲဆိုတာထက် 'ဘာကြောင့်ရောင်းလဲ၊ ဘာကြောင့်အရေးကြီးလဲ' ဆိုတာကို နားလည်သွားစေတယ်။ ကိုယ့်ရဲ့ Owned, Paid, Earned, Shared Channel အားလုံးမှာ ဒီဇာတ်လမ်းကိုပဲ တစိုက်မတ်မတ်ပြောသွားတဲ့အခါ လူတွေက ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာကို ပုံသွင်းနိုင်လာမှာပါ။ အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီဇာတ်လမ်းကပဲ ကိုယ့်ရဲ့ ဂုဏ်သတင်း (Reputation) ရဲ့ အုတ်မြစ်ဖြစ်လာမှာပါ။ ၂။ Brand Promise (ကိုယ်ပေးတဲ့ ကတိကဝတ်) အဲ့ဒီဇာတ်လမ်းနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာက Brand Promise ပဲဗျ။ ဒါက ကိုယ့် Customer တွေကို ပေးထားတဲ့ ကတိကဝတ်တစ်ခုပါပဲ။ ကိုယ့် Brand နဲ့ ထိတွေ့ဆက်ဆံတိုင်းမှာ သူတို့ရရှိနိုင်မယ့် စိတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေပေါ့။ ဥပမာ - စိတ်ချယုံကြည်ရမှု (Reliability)၊ ဆန်းသစ်တီထွင်မှု (Innovation)၊ ပျော်ရွှင်မှု (Joy) စတာတွေပေါ့ဗျာ။ ဒီကတိကိုဖောက်ဖျက်ရင် ယုံကြည်မှု (Trust) က ချက်ချင်းကျဆင်းသွားနိုင်ပြီး၊ တစိုက်မတ်မတ်တည်နိုင်ရင်တော့ Credibility နဲ့ Loyalty ကို တည်ဆောက်နိုင်မှာပါ။ ၃။ Consumer Knowledge (Customer ကို နားလည်ခြင်း) ဘယ်သူ့ကို Story ပြောလို့ပြောရမှန်းမသိရင် အလကားပဲမလားဗျ။ အဲ့ဒါကြောင့် 'Consumer Knowledge' က Marketing အားလုံးကို လမ်းညွှန်ပေးတဲ့ သံလိုက်အိမ်မြှောင်တစ်ခုလိုပဲဗျ။ ကိုယ့်ရဲ့ Target Audience က ဘာလိုအပ်လဲ၊ ဘာကိုကြောက်လဲ၊ ဘာကသူတို့ကို motivate လုပ်လဲဆိုတာကို နားလည်ထားမှ သူတို့နဲ့ resonate ဖြစ်မယ့် Experience တွေ ဖန်တီးနိုင်မှာ။ ဒါက အသက်၊ ကျား/မ လောက်သိရုံထက်ပိုပြီး သူတို့ရဲ့စိတ်ထဲဝင်ကြည့်ပြီး သူတို့နောက်တစ်ဆင့် ဘာလိုချင်မလဲဆိုတာကို ကြိုတွေးနိုင်ရမယ်။ Funnel Tracking တို့၊ Behavioral Analysis တို့၊ Research တွေ အမြဲလုပ်နေမှ ဒါကိုသိနိုင်မှာပါ။
3
0
Brand တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ
Gen Z Trend အသစ်: Creative Maximalism ဆိုတာဘာလဲနဲ့ ဘယ်လိုလုပ်ကြမလဲ
YouTube တို့ TikTok တို့ကြည့်ရင် အခုနောက်ပိုင်း လူငယ်တွေရဲ့ Content တွေက ရှုပ်ယှက်ခတ်နေသလိုပဲနော်ဗျာ။ Editing တွေကလည်းမြန်၊ Screen ပေါ်မှာလည်း Icon တွေ၊ စာတွေ၊ ရုပ်တွေ အများကြီးနဲ့။ အဲ့ဒါက ဖြစ်ကတတ်ဆန်းလုပ်ထားတာ မဟုတ်ဘူးဗျ။ အဲ့ဒါက Generation Z လို့ခေါ်တဲ့ လူငယ်တွေရဲ့ Trend အသစ်တစ်ခုပဲ။ YouTube ကတော့ အဲ့ဒါကို ‘Creative Maximalism’ လို့ နာမည်ပေးထားတယ်ဗျ ။ ဒီ Trend က ဘာလို့ဖြစ်လာလဲဆိုတော့ အခုခေတ်လူငယ်တွေက သူတို့ကိုယ်သူတို့ Content ကြည့်တဲ့သူသက်သက်လို့ မမြင်တော့ဘူးဗျ၊ သူတို့ကိုယ်တိုင်က Creator တွေလို့ ခံယူထားကြတာ ။ သူတို့က TV တို့ ရုပ်ရှင်တို့ခေတ်မှာ ကြီးပြင်းလာတာမဟုတ်ဘဲ YouTube, Minecraft တို့လို ကိုယ်တိုင်ဝင်ပါဝင်လို့ရတဲ့၊ ပုံစံခွက်ထဲ ကြီးပြင်းလာတာကိုး ။ ဒါကြောင့် TV တွေ၊ ရုပ်ရှင်တွေက သူတို့ဘဝကို သိပ်ထင်ဟပ်မပြနိုင်တော့ဘူးလို့ ခံစားရပြီး သမားရိုးကျ Media တွေကို ကြည့်ရှုတဲ့အချိန် ၂၆% ထိ လျော့ကျသွားတယ်လို့ ဆိုပါတယ် ။ ဆိုတော့ အဲ့ဒီ Creative Maximalism ဆိုတာ ဘာတွေနဲ့ ဖွဲ့စည်းထားလဲဆိုတော့... - မြင်သမျှအရာတိုင်းကို Screen တစ်ခုတည်းမှာ ပေါင်းထည့်လိုက်တာ (Audio/Visual Complexity)။ Editing တွေက အရမ်းမြန်ပြီး ၊ အချက်အလက်တွေ၊ icon တွေ၊ ရုပ်ပြောင်တွေအကုန်လုံးကို Frame တစ်ခုတည်းမှာ အများကြီးထည့်ထားတာမျိုးပေါ့ဗျာ ။ "Skibidi Toilet" ဆိုတဲ့ Series ကိုသာကြည့်လိုက်၊ ဥပမာအကောင်းဆုံးပဲ။ - ဇာတ်လမ်းကို ပရိသတ်ကပါ ဝင်ရေးနေကြတာ (Narrative Co-creation) ။ အခုခေတ်လူငယ်တွေက ကြည့်ရှုသူသက်သက် မဟုတ်တော့ဘူး၊ သူတို့က ဇာတ်လမ်းကို သူတို့ကိုယ်တိုင် ဝင်ချဲ့ထွင်တယ်၊ Fan Art တွေဆွဲတယ်၊ ဇာတ်လမ်းအသစ်တွေဖန်တီးတယ် ။ "EPIC: The Musical" ဆိုတဲ့ Project မှာဆို Creator က သူ့ Fan တွေကို Animation လုပ်ခိုင်းပြီး ပေါင်းစပ်ဖန်တီးထားတာဗျ - အတွင်းသိတွေပဲသိတဲ့ ပြက်လုံးတွေ၊ Meme တွေသုံးတာ (Internet-Referential)။ သူတို့ Content တွေမှာ အင်တာနက် Subculture တွေကလာတဲ့ Meme တွေ၊ Reference တွေအများကြီးပါတယ် ။ အဲ့ဒါတွေကို နားလည်လေ၊ ကိုယ်က သူတို့ထဲက တစ်ယောက်ဖြစ်လေပဲ ။ ကြောင် Meme ဇာတ်ကောင်တွေအများကြီးကိုပေါင်းပြီး "Cat Cinematic Universe" ဆိုပြီး ဇာတ်လမ်းလိုဖန်တီးထားတာမျိုးပေါ့ဗျာ။ - ဘယ်နိုင်ငံက Content ဖြစ်ဖြစ် အကုန်ရောသုံးလိုက်တာ (Global Influence)။ ဒီ Generation က "Gangnam Style" နောက်ပိုင်းမှာ ကြီးပြင်းလာတာဆိုတော့ နိုင်ငံခြားဘာသာစကားနဲ့ ယဉ်ကျေးမှုက သူတို့အတွက် အတားအဆီးမဟုတ်တော့ဘူး ။ ပြင်သစ်က ကာတွန်းငါးလေးတစ်ကောင် "le poisson Steve" ကလည်း Trend ဖြစ်သလို ၊ တောင်ကိုရီးယားက "Alien Stage" ဆိုတဲ့ Animated Series ကလည်း ကမ္ဘာလုံးဆိုင်ရာမှာ ပေါက်သွားနိုင်တယ်ဗျ။
2
0
Gen Z Trend အသစ်: Creative Maximalism ဆိုတာဘာလဲနဲ့ ဘယ်လိုလုပ်ကြမလဲ
Pop Culture Playbook
ကိုယ့် Brand က Social Media မှာ ပျောက်နေသလိုဖြစ်နေလားဗျ? ပို့စ်တွေ တင်လိုက်တိုင်းမှာလည်း Engagement က သိပ်တက်မလာဘူးဆိုရင်တော့ Pop Culture ကိုသုံးပြီး Marketing လုပ်တဲ့နည်းကို စသုံးကြည့်ဖို့ အချိန်ရောက်ပြီဗျ။ Pop Culture ဆိုတာက အပျော်သဘောသက်သက်တော့ မဟုတ်ဘူးဗျ။ တကယ်တော့ ကိုယ့် Brand နဲ့ Audience ကြားမှာ ရင်းနှီးတဲ့ Connection တစ်ခုကို အမြန်ဆုံးတည်ဆောက်ပေးနိုင်တဲ့ Shortcut တစ်ခုလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ လူတွေနေ့စဉ် ပြောနေ၊ ရယ်နေ၊ သုံးနေတဲ့ အရာတွေထဲကို ကိုယ်ကဝင်ပြီး သူတို့ထဲက တစ်ယောက်လိုဖြစ်အောင်လုပ်လိုက်တာပေါ့ဗျာ။ ကဲ... ဒါကို ဘယ်လိုစလုပ်မလဲဆိုတော့... ပထမဆုံးနဲ့ အလွယ်ဆုံးကတော့ လူတွေ လက်ရှိ အရမ်းอินနေတဲ့ Meme တွေ၊ Trending ဖြစ်နေတဲ့ သီချင်းတွေ၊ အသံတွေကို သုံးတာပဲဗျ။ ဒါက စကားဝိုင်းတစ်ခုထဲကို ကိုယ်ကဝင်ထိုင်လိုက်သလိုပဲ။ ကိုယ့် Brand က သူတို့နဲ့ တစ်သားတည်းကျတယ်၊ သူတို့သိတဲ့ inside joke တွေကို ကိုယ်လည်းသိတယ်ဆိုတဲ့ ခံစားချက်ကို ချက်ချင်းပေးနိုင်တယ်။ Scrub Daddy ဆိုတဲ့ brand ကို ကြည့်ဗျာ၊ သူတို့ဆို Meme တွေကိုသုံးပြီး Customer တွေနဲ့ ရင်းနှီးမှုတည်ဆောက်တာမှာ ဆရာတစ်ဆူပဲ။ Trend နောက်ကိုလိုက်ရုံနဲ့ အားမရသေးဘူး၊ ကိုယ့် Brand က Smart ကျတယ်ဆိုတာပါ ပြချင်သေးတယ်ဆိုရင် နောက်တစ်ဆင့်တက်လို့ရတယ်ဗျ။ ဥပမာပြောရရင်၊ Pop Culture မှာ အဖြစ်အပျက်ကြီးတစ်ခုဖြစ်လာတဲ့အခါ (Rihanna ရဲ့ Super Bowl ဖျော်ဖြေပွဲလိုမျိုးပေါ့) လူတိုင်းက Meme လုပ်နေချိန်မှာ ကိုယ်က အဲ့ဒီအဖြစ်အပျက်ကနေ ကိုယ့်လုပ်ငန်းအတွက် ဘယ်လိုသင်ခန်းစာယူလို့ရလဲဆိုတဲ့ အမြင် (Hot Take) လေးကို ဝေမျှလိုက်တာမျိုးပေါ့။ ဒါက ကိုယ့် Brand ကို ပိုပြီး နက်နက်နဲနဲရှိတဲ့ပုံ ပေါက်သွားစေတယ်။ နောက်တစ်နည်းက ကိုယ့် Product ကို Trend နဲ့ ပါးပါးနပ်နပ် ချိတ်ဆက်တာဗျ။ Taylor Swift ရဲ့ Eras Tour ကြောင့် သူ့ Album တွေအတိုင်း လက်သည်းနီဆိုးတာ ခေတ်စားလာတဲ့အခါ လက်သည်းနီ Brand တစ်ခုက သူတို့ Product တွေကို အဲ့ Trend နဲ့ ဆက်စပ်ပြီး Content လုပ်လိုက်တာ အရမ်းအောင်မြင်သွားတယ်။ ကိုယ့် Product ကို နာမည်ကြီးက ကိုင်ပြစရာမလိုဘဲ လူတွေစိတ်ဝင်စားနေတဲ့ အရာနဲ့ ဆက်စပ်ပေးလိုက်တာက တကယ့်ကို ထိရောက်တယ်ဗျ။ နောက်ဆုံးတစ်ချက်ကတော့ Follower တွေကို ကိုယ့်ရဲ့ ဘော်ဒါတွေလို သဘောထားပြီး Community တည်ဆောက်တာပဲ။ သူတို့ကြိုက်တဲ့ Influencer တွေနဲ့ပေါင်းပြီး အလုပ်လုပ်တာ (Pop Collabs)၊ Grammy ဆုပေးပွဲလို Event တွေကို သူတို့နဲ့အတူ Live ကြည့်ရင်း စကားပြောတာ (Watch Party) မျိုးတွေက သူတို့ကို ကိုယ့် Brand ရဲ့ Fan အစစ်တွေဖြစ်သွားစေနိုင်တယ်ဗျ။
0
0
Pop Culture Playbook
Gemini 2.5 nano banana ကို မြန်မာလိုရေးပြီး ကိုယ့်ပုံကို Action Figure ဖြစ်အောင် ပြောင်းနည်း
Gemini 2.5 nano banana ထွက်လာကတည်းက သူ့ကိုစမ်းသုံးကြည့်တဲ့သူတိုင်းက Photoshop တောင်မလိုတော့ဘူးလို့ ပြောနေကြပါပြီ။ Background ဖျက်တာ၊ portrait ပုံတွေပြင်တာတွေက အလွယ်လေးဖြစ်သွားပြီး၊ ပုံနှစ်ပုံကို ပေါင်းတာ၊ ပုံထဲက ပစ္စည်းတွေအရောင်ပြောင်းတာ၊ အဝတ်အစားတွေပြောင်းဝတ်ပေးတာတွေကိုပါ လုံးဝသဘာဝကျကျ လုပ်ဆောင်နိုင်တာက တကယ်ကိုအံ့သြဖို့ကောင်းပါတယ်။ အထူးသဖြင့် AI action figure တွေဖန်တီးတဲ့အခါမှာတော့ ထင်ထားတာထက် အများကြီးပိုပြီး လက်တွေ့ကျကျ၊ သက်ဝင်လှုပ်ရှားနေသလို ထွက်လာတာကို တွေ့ရပါတယ်။ ပြုလုပ်နည်း အဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ပြုလုပ်နည်း အဆင့်ဆင့် ၁။ Google AI Studio ကိုဖွင့်ပါ။ (https://aistudio.google.com/prompts) ၂။ သင့်ရဲ့ပုံကို upload တင်ပါ ဖြစ်နိုင်ရင် နောက်ခံရှင်းရှင်းနဲ့ ကိုယ်လုံးပေါ်ပုံဆို ပိုကောင်းပါတယ်။ ၃။ Prompt တွေကို ထည့်ပါ အောက်မှာ ကျွန်တော်သုံးခဲ့တဲ့ prompt နမူနာကို ပေးထားပါတယ်၊ စမ်းသုံးကြည့်ဖို့ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက်ပြန်ပြင်သုံးဖို့အတွက် အစပြုမှတ်အနေနဲ့ သုံးနိုင်ပါတယ်။ Prompt နမူနာ (ဒီမြန်မာလိုအတိုင်း ကူးရေးလို့​ ရပါတယ်) nano-banana model ကိုသုံးပြီး၊ ပုံထဲကဇာတ်ကောင်ကို 1/7 scale commercial figurine အဖြစ်၊ realistic style နဲ့ တကယ့်ပတ်ဝန်းကျင်မှာရှိနေသလို ဆွဲပေးပါ။ တကိုယ်လုံးပုံကို ဖြည့်စွက်ပေးပါ။ figurine ကို ကွန်ပျူတာစားပွဲပေါ်မှာ စာမပါတဲ့ အကြည်ရောင် acrylic ခံခုံအဝိုင်းနဲ့ တင်ထားပေးပါ။ ကွန်ပျူတာ screen မှာက ဒီ figurine ကို brush နဲ့ ပုံဖော်နေတဲ့ process ကို ပြထားပြီး၊ ကွန်ပျူတာဘေးမှာတော့ မူရင်းပုံပါတဲ့ BANDAI-style အရုပ်ဘူးခွံတစ်ခု ထားပေးပါ။ ၄။ ပြီးရင်တော့ ပုံထွက်လာတဲ့အထိ ခဏစောင့်လိုက်ရုံပါပဲ။
3
0
Gemini 2.5 nano banana ကို မြန်မာလိုရေးပြီး ကိုယ့်ပုံကို Action Figure ဖြစ်အောင် ပြောင်းနည်း
၂၀၂၅ ခုနှစ်ရဲ့ Social Media Marketing ကို ပြောင်းလဲနေတဲ့ Trend ၅ ခု
၂၀၂၅ ခုနှစ် တစ်ဝက်ကျော်လာပြီဆိုတော့ Social Media Marketing လောကမှာ ဖြစ်ပေါ်နေတဲ့ Trend ကြီးတွေကို ပြန်ကြည့်ပြီး လာမယ့်နှစ်ကုန်ပိုင်းအတွက် ကြိုပြင်ဆင်သင့်ပါပြီ။ အခုချိန်မှာ AI ရဲ့ အပြောင်းအလဲတွေ၊ လူတွေ content ရှာဖွေပုံ ပြောင်းလဲလာတာတွေကြောင့် အရင်လို ပုံမှန်နည်းလမ်းတွေနဲ့ လုပ်လို့မရတော့ပါဘူး။ ဒါတွေကတော့ ဒီနှစ်ရဲ့ အဓိက Trend တွေပါပဲ။ - အရာအားလုံးကို လွှမ်းမိုးလာတဲ့ AI ဒီနှစ်ရဲ့ အဓိကအကျဆုံး Trend ကတော့ AI ပါပဲ။ AI search တွေ (ChatGPT, Google AI summary) ကြောင့် Google ကနေ ကိုယ့်ရဲ့ website ကို တိုက်ရိုက်ဝင်ကြည့်တဲ့ traffic တွေ ကျဆင်းလာပြီး SEO လုပ်ရတဲ့ပုံစံတွေ ပြောင်းလဲလာပါတယ်။ ဒါ့အပြင် platform တိုင်းမှာ AI နဲ့ ကြော်ငြာဖန်တီးတာ၊ target ထားတာတွေ လုပ်နိုင်ပြီး အများစုက ပိုကောင်းတဲ့ရလဒ်တွေ ရစေပါတယ်။ နောက်တစ်ဆင့်ကတော့ Meta နဲ့ X တို့မှာလို AI bot တွေ၊ AI character တွေ သုံးလာတာပါပဲ။ ဒါကြောင့် Social Media က တကယ် ‘Social’ ဖြစ်နေသေးရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ - မပြီးဆုံးသေးတဲ့ TikTok ပြဿနာ TikTok ကို အမေရိကန်မှာ ရောင်းထုတ်ခိုင်းတဲ့ကိစ္စက အခုထိ မပြီးသေးပါဘူး။ သမ္မတ Trump က သူ့ရဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ TikTok ကြောင့် နာမည်ကြီးခဲ့လို့ ဒီ App ကို သဘောကျနေပြီး ရောင်းထုတ်ဖို့ကိစ္စကို အချိန်ဆွဲပေးထားပါတယ်။ တကယ်လို့ TikTok သာ အမေရိကန်ကနေ ထွက်သွားခဲ့ရင် marketer တွေ၊ creator တွေအတွက် အခွင့်အလမ်းများစွာ ထိခိုက်သွားမှာဖြစ်ပြီး Instagram နဲ့ YouTube တို့က သူ့နေရာကို ဝင်ယူဖို့ အသင့်စောင့်နေပါတယ်။ လောလောဆယ်မှာတော့ စက်တင်ဘာ ၁၇ ရက်နေ့က နောက်ဆုံးသတ်မှတ်ရက်ပါ။ - TV ကို ကျော်တက်သွားတဲ့ YouTube YouTube က အမေရိကန်မှာ TV ကို အနိုင်ယူပြီး ထိပ်တန်း streaming platform ဖြစ်လာပါပြီ။ လူငယ်တွေအတွက်တော့ YouTube က သူတို့ရဲ့ TV ပါပဲ။ MrBeast လို YouTuber တွေက အရင်ခေတ်က TV မင်းသား၊ မင်းသမီးတွေလို ဖြစ်နေပါပြီ။ ဒါကြောင့် Marketer တွေအတွက် TV လို လူအများဆီရောက်နိုင်ပြီး targeting ပိုကောင်းတဲ့ YouTube မှာ ကြော်ငြာဖို့ အခွင့်အရေးကြီးတစ်ခု ဖြစ်လာပါတယ်။ - Trump နဲ့ အလိုက်သင့်ပြောင်းလဲလာတဲ့ Platform တွေ Trump သမ္မတပြန်ဖြစ်လာပြီးနောက်မှာ Meta လို platform ကြီးတွေက အစိုးရနဲ့ အဆင်ပြေအောင် သူတို့ရဲ့မူဝါဒတွေကို ပြောင်းလဲလာကြပါတယ်။ Meta ဟာ X မှာသုံးတဲ့ Community Notes ပုံစံကို ကူးယူသုံးစွဲလာသလို၊ အစိုးရနဲ့နီးစပ်တဲ့ ရီပတ်ဘလစ်ကန်တွေကိုလည်း ရာထူးကြီးတွေ ခန့်အပ်လာပါတယ်။ ဒါဟာ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ Meta က သူ့ရဲ့ AI project တွေ၊ data center တွေအတွက် အစိုးရရဲ့ခွင့်ပြုချက်လိုသလို၊ ဥရောပသမဂ္ဂ (EU) ရဲ့စည်းမျဉ်းတွေကို ပြန်တိုက်ခိုက်ဖို့ အစိုးရအကူအညီ လိုအပ်နေလို့ပါ။
2
0
1-5 of 5
powered by
FYI Marketing Media
skool.com/fyi-marketing-media-8946
FYI က Business နဲ့ AI လောကရဲ့ Trend အသစ်တွေနဲ့ သတင်းတွေကို မြန်မာဘာသာနဲ့ ပြန်ဝေမျှပေးနေပါတယ်။ ဝင်ခွင့်ရဖို့ m.me/fyi.news ကို စာပို့ပေးပါ။
Build your own community
Bring people together around your passion and get paid.
Powered by