Gen Z Trend အသစ်: Creative Maximalism ဆိုတာဘာလဲနဲ့ ဘယ်လိုလုပ်ကြမလဲ
YouTube တို့ TikTok တို့ကြည့်ရင် အခုနောက်ပိုင်း လူငယ်တွေရဲ့ Content တွေက ရှုပ်ယှက်ခတ်နေသလိုပဲနော်ဗျာ။ Editing တွေကလည်းမြန်၊ Screen ပေါ်မှာလည်း Icon တွေ၊ စာတွေ၊ ရုပ်တွေ အများကြီးနဲ့။ အဲ့ဒါက ဖြစ်ကတတ်ဆန်းလုပ်ထားတာ မဟုတ်ဘူးဗျ။ အဲ့ဒါက Generation Z လို့ခေါ်တဲ့ လူငယ်တွေရဲ့ Trend အသစ်တစ်ခုပဲ။ YouTube ကတော့ အဲ့ဒါကို ‘Creative Maximalism’ လို့ နာမည်ပေးထားတယ်ဗျ ။
ဒီ Trend က ဘာလို့ဖြစ်လာလဲဆိုတော့ အခုခေတ်လူငယ်တွေက သူတို့ကိုယ်သူတို့ Content ကြည့်တဲ့သူသက်သက်လို့ မမြင်တော့ဘူးဗျ၊ သူတို့ကိုယ်တိုင်က Creator တွေလို့ ခံယူထားကြတာ ။ သူတို့က TV တို့ ရုပ်ရှင်တို့ခေတ်မှာ ကြီးပြင်းလာတာမဟုတ်ဘဲ YouTube, Minecraft တို့လို ကိုယ်တိုင်ဝင်ပါဝင်လို့ရတဲ့၊ ပုံစံခွက်ထဲ ကြီးပြင်းလာတာကိုး ။ ဒါကြောင့် TV တွေ၊ ရုပ်ရှင်တွေက သူတို့ဘဝကို သိပ်ထင်ဟပ်မပြနိုင်တော့ဘူးလို့ ခံစားရပြီး သမားရိုးကျ Media တွေကို ကြည့်ရှုတဲ့အချိန် ၂၆% ထိ လျော့ကျသွားတယ်လို့ ဆိုပါတယ် ။
ဆိုတော့ အဲ့ဒီ Creative Maximalism ဆိုတာ ဘာတွေနဲ့ ဖွဲ့စည်းထားလဲဆိုတော့...
  • မြင်သမျှအရာတိုင်းကို Screen တစ်ခုတည်းမှာ ပေါင်းထည့်လိုက်တာ (Audio/Visual Complexity)။ Editing တွေက အရမ်းမြန်ပြီး ၊ အချက်အလက်တွေ၊ icon တွေ၊ ရုပ်ပြောင်တွေအကုန်လုံးကို Frame တစ်ခုတည်းမှာ အများကြီးထည့်ထားတာမျိုးပေါ့ဗျာ ။ "Skibidi Toilet" ဆိုတဲ့ Series ကိုသာကြည့်လိုက်၊ ဥပမာအကောင်းဆုံးပဲ။
  • ဇာတ်လမ်းကို ပရိသတ်ကပါ ဝင်ရေးနေကြတာ (Narrative Co-creation) ။ အခုခေတ်လူငယ်တွေက ကြည့်ရှုသူသက်သက် မဟုတ်တော့ဘူး၊ သူတို့က ဇာတ်လမ်းကို သူတို့ကိုယ်တိုင် ဝင်ချဲ့ထွင်တယ်၊ Fan Art တွေဆွဲတယ်၊ ဇာတ်လမ်းအသစ်တွေဖန်တီးတယ် ။ "EPIC: The Musical" ဆိုတဲ့ Project မှာဆို Creator က သူ့ Fan တွေကို Animation လုပ်ခိုင်းပြီး ပေါင်းစပ်ဖန်တီးထားတာဗျ
  • အတွင်းသိတွေပဲသိတဲ့ ပြက်လုံးတွေ၊ Meme တွေသုံးတာ (Internet-Referential)။ သူတို့ Content တွေမှာ အင်တာနက် Subculture တွေကလာတဲ့ Meme တွေ၊ Reference တွေအများကြီးပါတယ် ။ အဲ့ဒါတွေကို နားလည်လေ၊ ကိုယ်က သူတို့ထဲက တစ်ယောက်ဖြစ်လေပဲ ။ ကြောင် Meme ဇာတ်ကောင်တွေအများကြီးကိုပေါင်းပြီး "Cat Cinematic Universe" ဆိုပြီး ဇာတ်လမ်းလိုဖန်တီးထားတာမျိုးပေါ့ဗျာ။
  • ဘယ်နိုင်ငံက Content ဖြစ်ဖြစ် အကုန်ရောသုံးလိုက်တာ (Global Influence)။ ဒီ Generation က "Gangnam Style" နောက်ပိုင်းမှာ ကြီးပြင်းလာတာဆိုတော့ နိုင်ငံခြားဘာသာစကားနဲ့ ယဉ်ကျေးမှုက သူတို့အတွက် အတားအဆီးမဟုတ်တော့ဘူး ။ ပြင်သစ်က ကာတွန်းငါးလေးတစ်ကောင် "le poisson Steve" ကလည်း Trend ဖြစ်သလို ၊ တောင်ကိုရီးယားက "Alien Stage" ဆိုတဲ့ Animated Series ကလည်း ကမ္ဘာလုံးဆိုင်ရာမှာ ပေါက်သွားနိုင်တယ်ဗျ။
ဒီအချက်တွေအားလုံးပေါင်းစပ်နေတဲ့ အကောင်းဆုံးဥပမာကတော့ 2025 မှာ အရမ်း Trend ဖြစ်သွားတဲ့ "Italian brain rot" ဆိုတဲ့ video တွေပဲဗျ ။ အဲ့ဒီမှာ AI နဲ့ဖန်တီးထားတဲ့ Character တွေကို လူတွေကပဲ ဇာတ်လမ်းတွေထပ်ချဲ့တယ် ၊ အင်တာနက် Meme တွေနဲ့ ရောသမမွှေလုပ်ထားတယ် ၊ အီတလီအငွေ့အသက်ပါတဲ့ နာမည်တွေပေးထားတယ် ။
ဆိုတော့ဗျာ... ဒီ Trend က ကိုယ်တို့အတွက် ဘာကိုဆိုလိုလဲ? ဒီလူငယ်တွေကို ကိုယ့် Brand နဲ့ connect လုပ်ချင်တယ်ဆိုရင် သူတို့ရဲ့ Digital-first โลกကို နားလည်ပေးဖို့လိုတယ်ဗျ ။ သူတို့ရဲ့ အင်တာနက်ဘာသာစကားကို တကယ်နားလည်အောင်လုပ်ဖို့လိုတယ်၊ ဟန်ဆောင်လို့မရဘူး ။ အရေးကြီးဆုံးကတော့ သူတို့က Content ကို စားသုံးသူသက်သက်မဟုတ်ဘဲ ပါဝင်ဖန်တီးသူ (Co-creator) တွေအဖြစ် ပါဝင်ချင်ကြတယ်ဆိုတာကို အမြဲသတိရဖို့ပါပဲ ။ Trend တွေဘယ်လိုပြောင်းပြောင်း၊ လူငယ်တွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုရှာဖွေတာ (Identity) နဲ့ အစုအဖွဲ့တစ်ခုထဲမှာ ပါဝင်ချင်တာ (Community) ကတော့ ဘယ်တော့မှမပြောင်းလဲဘူးဆိုတာကို နားလည်ထားဖို့လိုတယ်ဗျ ။
Ref: PDF Attached
2
0 comments
Fyi Media
4
Gen Z Trend အသစ်: Creative Maximalism ဆိုတာဘာလဲနဲ့ ဘယ်လိုလုပ်ကြမလဲ
powered by
FYI Marketing Media
skool.com/fyi-marketing-media-8946
FYI က Business နဲ့ AI လောကရဲ့ Trend အသစ်တွေနဲ့ သတင်းတွေကို မြန်မာဘာသာနဲ့ ပြန်ဝေမျှပေးနေပါတယ်။ ဝင်ခွင့်ရဖို့ m.me/fyi.news ကို စာပို့ပေးပါ။
Build your own community
Bring people together around your passion and get paid.
Powered by