Google Vids ကိုသိကြတယ်မလားဗျ။ AI နဲ့ Video တွေဖန်တီးတဲ့ Platform ပေါ့။ အခု Google က အဲ့ဒီ Vids မှာ Feature အသစ်တွေအများကြီးထည့်ပြီး တော်တော်လေး Upgrade လုပ်လိုက်ပြီဗျ။ လူအစားထိုးသုံးလို့ရတဲ့ AI Avatar တွေကအစ၊ ပုံတစ်ပုံကို Video ဖြစ်အောင်လုပ်ပေးတာတွေအဆုံးပဲ။ ပြီးတော့ Free Version ကိုလည်း လူတိုင်းသုံးလို့ရအောင် ဖွင့်ပေးလိုက်ပြီ။
Business User တွေအတွက်တော့ တကယ့်ကို မိုက်တဲ့ Feature တွေပါလာတယ်ဗျ။ ပထမဆုံးက AI Avatars ပဲ။ ကိုယ်က Script ပဲထည့်ပေးလိုက်၊ လူရုပ်နဲ့ AI Avatar ၁၂ ယောက်ထဲက တစ်ယောက်ယောက်က အဲ့ Script ကို အသံထွက်ပြီး ပြောပေးသွားမှာ။ ကင်မရာရှေ့ထွက်စရာမလိုဘဲ Training Video တွေ၊ Product Demo တွေလုပ်လို့ရသွားတာပေါ့။ နောက်တစ်ခုက Image-to-Video feature။ ကိုယ့် Product ဓာတ်ပုံတစ်ပုံကိုထည့်လိုက်တာနဲ့ Veo 3 model က အဲ့ဒါကို အသံတွေနဲ့တကွ ၈ စက္ကန့်စာ Video အဖြစ် ပြောင်းပေးမှာဗျ။ ကြော်ငြာတွေလုပ်ဖို့ တော်တော်အသုံးဝင်မှာဗျ။ ပြီးတော့ စကားပြောတဲ့အခါ "အမ်..." တို့ "အာ..." တို့လို မလိုအပ်တဲ့ Filler Words တွေ၊ ရပ်တန့်သွားတာတွေကို AI က အလိုအလျောက်ဖျက်ပေးတဲ့ feature လည်းပါတယ်။
အခု လူတိုင်းအတွက် Free Version ကိုလည်း ဖွင့်ပေးလိုက်ပြီ။ ဒါပေမဲ့ တစ်ခုရှိတာက Free Version မှာတော့ ခုနပြောတဲ့ AI Avatars တို့ Image-to-Video တို့လို Feature အလန်းစားတွေတော့ မပါဘူးဗျ။ အဲ့ဒါတွေကတော့ ပိုက်ဆံပေးသုံးရတဲ့ Workspace Business User တွေအတွက်ပဲ သီးသန့်ထားထားတယ်။ Free မှာတော့ အခြေခံ Editing Tool တွေ၊ Template တွေ၊ Stock Media တွေတော့ သုံးလို့ရမယ်ဗျ။
Google Vids က လစဉ်သုံးစွဲသူ ၁ သန်းကျော်သွားပြီဆိုတော့ တော်တော်အောင်မြင်နေတယ်ပြောရမယ်။ ဒါကြောင့် Synthesia တို့ D-ID တို့လို AI Video Startup တွေအတွက်တော့ ပြိုင်ဘက်အကြီးကြီးပေါ်လာတာပေါ့။ တစ်ဖက်မှာလည်း ဒီနည်းပညာကြောင့် Video Editor တွေ၊ ကင်မရာသမားတွေ၊ သရုပ်ဆောင်တွေရဲ့ အလုပ်နေရာတွေအတွက် စိုးရိမ်မှုတွေတော့ ရှိလာတယ်ဗျ။ Google ကတော့ AI နဲ့လုပ်ထားမှန်းသိအောင် Video တွေမှာ Watermark တွေပါမယ်လို့ ပြောထားပါတယ်။
အချုပ်ပြောရရင်တော့ Google က AI Video ဖန်တီးတဲ့လောကထဲကို တော်တော်လေး အားစိုက်ပြီးဝင်လာပြီဗျ။ Business တွေအတွက်ရော၊ သာမန်လူတွေအတွက်ပါ Video လုပ်ရတာ ပိုလွယ်လာတော့မှာ သေချာတယ်။ ကိုယ်တိုင်ကင်မရာရှေ့မထွက်ချင်တဲ့သူတွေအတွက်တော့ တကယ့်ကို သတင်းကောင်းပဲဗျ။
Ref: