ကျနော်တို့ Google မှာ တစ်ခုခုရှာလိုက်ရင် Website link တွေတန်းစီပြီးကျလာတာကို အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ အဲ့ဒီ ပုံစံကြီးက မကြာခင်မှာ Default မဟုတ်တော့ဘူးဗျ။ Google DeepMind က Product Manager တစ်ယောက်ဖြစ်တဲ့ Logan Kilpatrick အပြောအရ Google ရဲ့ AI Mode က မကြာခင်မှာပဲ အဓိက Search Experience ဖြစ်လာတော့မှာပါတဲ့။
AI Mode ဆိုတာက Link တွေပဲပြမယ့်အစား ကိုယ်မေးလိုက်တဲ့မေးခွန်းကို စက်ရုပ်နဲ့စကားပြောသလို တိုက်ရိုက်ပြန်ဖြေပေးတာမျိုးပေါ့ဗျာ။ သူက Gemini 2.5 model ကိုသုံးထားပြီး ကိုယ်မေးလိုက်တဲ့အရာနဲ့ ပတ်သက်တာတွေကို တစ်ပြိုင်နက်တည်း ရှာဖွေပြီး ပြည့်ပြည့်စုံစုံပြန်ဖြေပေးတဲ့ပုံစံပါတဲ့။ အခုဆို နိုင်ငံပေါင်း ၁၈၀ ကျော်မှာ သုံးလို့ရနေပြီဗျ။
နောက်ပိုင်းမှာဆို Search လုပ်ရုံတင်မဟုတ်တော့ဘူး၊ စားသောက်ဆိုင် booking လုပ်တာတို့၊ ပွဲလက်မှတ်ဝယ်တာတို့လို ကိစ္စတွေကို Google Search ကနေ တခါတည်းလုပ်လို့ရလာမယ်ဗျ။ ဆိုလိုတာက Google က Website တွေကိုသွားဖို့ တံခါးပေါက်တစ်ခုဆိုတာထက်၊ အလုပ်တွေအားလုံးကို သူ့ဆီမှာတင် အပြီးလုပ်လို့ရတဲ့ Platform တစ်ခုဖြစ်အောင် လုပ်နေတာပေါ့လေ။
ဒါပေမဲ့ ဒီအပြောင်းအလဲက Website ပိုင်ရှင်တွေ၊ Content Creator တွေအတွက်တော့ သက်ရောက်မှုကြီးတယ်ဗျ။ Industry မှာသုံးနေတဲ့ စကားနဲ့ပြောရရင် "The Great Decoupling" ပေါ့။ ဆိုလိုတာက Website တွေက Search Result မှာ အမြင်တော့ခံရတယ် (Impression)၊ ဒါပေမဲ့ လူတွေက သူတို့ဆီကို ဝင်မကြည့်တော့ဘူး (Click)။ AI က အဖြေကို တခါတည်းပေးလိုက်တော့ Website ထဲဝင်ကြည့်စရာမလိုတော့ဘူးပေါ့ဗျာ။ စိတ်ဝင်စားစရာကောင်းတာက AI Search ကနေ ရောက်လာတဲ့ Visitor ကတော့ သာမန် Visitor ထက် ဝယ်ယူမှုဖြစ်နိုင်ခြေ 4.4 ဆ ပိုများတယ်လို့လည်း ဆိုတယ်ဗျ။
Google က ဘာလို့ ဒီလောက်အလျင်စလိုလုပ်နေလဲဆိုတော့ ChatGPT တို့ Perplexity တို့လို AI Search ပြိုင်ဘက်တွေက လူကြိုက်များလာလို့ပါ။ User တွေ တခြား Platform တွေဆီမရောက်ခင် ကိုယ့်ဆီမှာပဲ အဲ့ဒီ Feature တွေအကုန်ရအောင် ထည့်ပေးလိုက်တဲ့ သဘောပေါ့။ ဆိုတော့ မကြာခင်မှာ ကျနော်တို့ Google သုံးတဲ့ပုံစံက လုံးဝပြောင်းလဲသွားတော့မယ်ဆိုတာတော့ သေချာပါတယ်။
Ref: Multiple Sources