ကျနော်တို့ ဖုန်းထဲမှာ Google Photos သုံးတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုပါဗျ။ အခု Google က သူ့ရဲ့ နောက်ဆုံးပေါ် Veo 3 AI model ကို Google Photos ထဲမှာ ထည့်ပေးလိုက်ပြီ။ ဆိုလိုတာက ကိုယ့်ရဲ့ ဓာတ်ပုံတစ်ပုံကို အရည်အသွေးအရမ်းကောင်းတဲ့ Video အတိုလေးတစ်ခုအဖြစ် ပြောင်းလို့ရသွားပြီပေါ့ဗျာ။
အရင် Veo 2 model ထက် အခု Veo 3 က အများကြီးပိုကောင်းလာတယ်လို့ Google ကပြောတယ်ဗျ။ Video တွေက ပိုပြီးအဆင်ပြေတယ်၊ အလင်းအမှောင်တွေ ပိုကောင်းလာတယ်၊ အရင်ကလို 'floaty' motion မျိုးတွေ မရှိတော့ဘူးပေါ့။ သုံးရတာလည်းလွယ်တယ်၊ Google Photos ထဲက 'Create' tab အသစ်ထဲဝင်၊ ဓာတ်ပုံတစ်ပုံရွေးပြီး 'Subtle movement' တို့ 'I'm feeling lucky' တို့ကို နှိပ်လိုက်ရုံပဲ။
ဒါပေမဲ့ အားနည်းချက်လေးတွေတော့ရှိတယ်ဗျ။ အရင်က ၆ စက္ကန့်စာ Video ပေးပေမယ့် အခု Veo 3 နဲ့လုပ်တဲ့ Video တွေက ၄ စက္ကန့်ပဲရှည်တော့တယ်။ နောက်ပြီး Gemini တို့မှာ Veo 3 က အသံပါထုတ်ပေးနိုင်ပေမယ့် Google Photos ထဲမှာတော့ အသံမပါဘူးဗျ။
Free User တွေအတွက်တော့ တစ်နေ့ကို အကြိမ်အရေအတွက် အကန့်အသတ်နဲ့ပဲ Video တွေလုပ်ခွင့်ပေးထားတယ်ဗျ။ ပိုသုံးချင်ရင်တော့ Google AI Pro တို့ AI Ultra တို့လို ပိုက်ဆံပေးသုံးရတဲ့ Plan တွေကို Upgrade လုပ်ရမှာပေါ့။
အချုပ်ပြောရရင်တော့ Google က အရင်က ပိုက်ဆံပေးမှသုံးလို့ရတဲ့ AI နည်းပညာအမြင့်တွေကို Google Photos လို လူတိုင်းသုံးနေတဲ့ App ထဲကို တဖြည်းဖြည်းထည့်ပေးလာတာပဲဗျ။ User အယောက် ၁.၅ ဘီလီယံကျော်ရှိတဲ့ Platform ပေါ်မှာ ဒီလို Feature တွေထည့်ပေးလိုက်တာက AI ကို လူတိုင်းလက်လှမ်းမီအောင်လုပ်ပေးတဲ့ Google ရဲ့ Strategy တစ်ခုပဲလို့ မြင်တယ်။
Ref: