Marketer ၁၀ ယောက်မှာ ၈ ယောက်က လာမယ့်နှစ်မှာ ဒီနှစ်ထက်ပိုပြီး content တွေ ဖန်တီးဖို့ ရည်ရွယ်ထားကြပါတယ် ။ Content team တွေအတွက်တော့ ဒါက အထူးအဆန်းတော့မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း content လိုအပ်ချက်တွေက မြင့်တက်လာပြီး ပုံစံအမျိုးမျိုးကွဲပြားလာပေမယ့်၊ content ဖန်တီးတဲ့နည်းလမ်းတွေကတော့ သိပ်မပြောင်းလဲခဲ့ပါဘူး ။ ဒီလို အဆုံးမရှိတဲ့ တောင်းဆိုမှုတွေကြောင့် content team တွေဟာ အမြဲတမ်းဖိအားဒဏ်ကို ခံစားနေရပါတယ် ။
အခုတော့ Generative AI က content creator တွေအတွက် အချိန်ကုန်သက်သာစေတဲ့ tool တစ်ခုအဖြစ် ပေါ်ထွက်လာပါပြီ ။ AI ဟာ အလုပ်တွေကို အချိန်တိုအတွင်း ပြီးမြောက်အောင် ကူညီပေးနိုင်တာကြောင့် content team တွေအနေနဲ့ idea အသစ်တွေဖန်တီးဖို့နဲ့ burnout မဖြစ်အောင် ရှောင်ရှားဖို့ အချိန်ပိုရလာစေမှာဖြစ်ပါတယ် ။
AI ကို Content Strategy မှာ ဘယ်လိုအသုံးချမလဲ
AI က content ဖန်တီးမှုရဲ့ အဆင့်တိုင်းမှာ ကူညီပေးနိုင်ပါတယ်။ အသုံးအများဆုံး နည်းလမ်းတချို့ကတော့-
- Idea အသစ်တွေရှာဖွေခြင်း: ကိုယ်က blog post အသစ်အတွက် ခေါင်းစဉ်ရှာနေတာပဲဖြစ်ဖြစ်၊ writer's block ဖြစ်နေတာပဲဖြစ်ဖြစ်၊ AI ကို prompt အနည်းငယ်ပေးလိုက်ရုံနဲ့ စတင်ဖို့အတွက် idea အကြမ်းတွေ အများကြီးရနိုင်ပါတယ် ။
- Ad နဲ့ Landing Page တွေကို စမ်းသပ်ခြင်း: Ad copy ဒါမှမဟုတ် landing page တစ်ခုကို ကိုယ်တိုင်ရေးပြီးတဲ့နောက်မှာ၊ AI ကိုသုံးပြီး variation သုံးခု၊ ကိုးခု ဒါမှမဟုတ် ဒီထက်ပိုပြီး ဖန်တီးခိုင်းကာ A/B testing လုပ်နိုင်ပါတယ် ။
- ပုံအသစ်တွေဖန်တီးခြင်း: Stock photo site တွေမှာ အချိန်ကုန်ခံပြီး ပုံလိုက်ရှာနေစရာမလိုဘဲ၊ ကိုယ်လိုချင်တဲ့ပုံစံကို AI ကိုပြောပြပြီး မူပိုင်ခွင့်ပြဿနာကင်းတဲ့ original ပုံတွေကို ဖန်တီးနိုင်ပါတယ် ။
သိထားရမယ့် အကန့်အသတ်တွေနဲ့ စိုးရိမ်မှုများ
AI က အစွမ်းထက်ပေမယ့် အရာရာကိုတော့ မလုပ်နိုင်သေးပါဘူး။ အဓိကသိထားရမှာတွေကတော့-
- AI က Original Research မလုပ်နိုင်ပါ: AI က ကိုယ်ပိုင်သုတေသနတွေ၊ စစ်တမ်းကောက်တာတွေ မလုပ်နိုင်ပါဘူး ။ ဒါကြောင့် ကိုယ့် content ရဲ့ အနှစ်သာရပိုင်းကိုတော့ လူကိုယ်တိုင်ပဲ ဖြည့်ဆည်းပေးရမှာပါ ။
- Fact-Checking မလုပ်နိုင်ပါ: AI က ပေးတဲ့အချက်အလက်တွေက အမြဲမမှန်နိုင်ပါဘူး။ ဒါကြောင့် AI က generate လုပ်ပေးတဲ့ content တိုင်းကို သေချာ fact-check လုပ်ကိုလုပ်ရပါမယ် ။
- လူသားဆန်တဲ့အတွေ့အကြုံ မပေးနိုင်ပါ: AI က လူတွေကို တုပနိုင်ပေမယ့်၊ တကယ့်ဘဝအတွေ့အကြုံ (lived experience) ကိုတော့ မပေးနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ အတွေ့အကြုံတွေကို content ထဲမှာ ထည့်သွင်းဖို့က အရမ်းအရေးကြီးပါတယ် ။
Google က AI Content ကို Penalty ပေးသလား? ဆိုတဲ့မေးခွန်းကလည်း အမေးများပါတယ်။ အဖြေကတော့ ရှင်းပါတယ်- Google က AI content ဖြစ်လို့ penalty ပေးတာမဟုတ်ဘဲ၊
အရည်အသွေးနိမ့်တဲ့ content ဖြစ်နေလို့သာ penalty ပေးတာပါ ။ လူရေးတာဖြစ်ဖြစ်၊ AI ရေးတာဖြစ်ဖြစ်၊ စာဖတ်သူအတွက် အထောက်အကူမပြုတဲ့ content တွေက ranking ကျမှာပါပဲ ။
AI ကို ကိုယ့်ရဲ့ Team ထဲမှာ ဘယ်လိုစသုံးမလဲ
AI ကို ကိုယ့်ရဲ့ marketing team workflow ထဲမှာ ထည့်သွင်းဖို့အတွက် အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်-
၁။ Workflow ထဲကို တိုက်ရိုက်ထည့်ပါ: Browser extension တွေ၊ ဒါမှမဟုတ် AI feature ပါပြီးသား content platform တွေကိုသုံးပြီး ကိုယ့် team အလုပ်လုပ်နေကျနေရာမှာပဲ AI ကို တန်းသုံးနိုင်အောင် လုပ်ဆောင်ပေးပါ ။
၂။ Training ပေးပါ: AI ကိုသုံးရတာလွယ်ပေမယ့်၊ ကောင်းကောင်းသုံးတတ်ဖို့ကတော့ training နဲ့ အတွေ့အကြုံလိုပါတယ် ။ ဒါကြောင့် team member တွေကို training ပေးဖို့ အချိန်ပေးသင့်ပါတယ် ။
၃။ ရလဒ်တွေကို မှတ်တမ်းတင်ပါ: AI ကိုသုံးခြင်းအားဖြင့် content တစ်ခုဖန်တီးတိုင်းမှာ အချိန်ဘယ်လောက်သက်သာသွားလဲ၊ ထွက်လာတဲ့ content တွေရဲ့ performance က ဘယ်လိုရှိလဲဆိုတာကို မှတ်တမ်းတင်ပြီး တိုင်းတာသင့်ပါတယ် ။
နောက်ဆုံးအနေနဲ့၊ AI ဆိုတာ လူသားတွေရဲ့ creativity ကို အစားထိုးဖို့မဟုတ်ဘဲ၊ အရှိန်မြှင့်တင်ပေးဖို့ tool တစ်ခုသာဖြစ်တယ်ဆိုတာကို သတိရသင့်ပါတယ် ။ လူတွေကသာ တကယ့် creator အစစ်တွေပါပဲ ။
Ref: Hubspot (Attached PDF)