Activity
Mon
Wed
Fri
Sun
Apr
May
Jun
Jul
Aug
Sep
Oct
Nov
Dec
Jan
Feb
What is this?
Less
More

Memberships

FYI Marketing Media

533 members • $4/m

1 contribution to FYI Marketing Media
AI ဝင်လာရင် Social Media ဘာဖြစ်သွားမလဲ သိထားသင့်တဲ့ အချက် ၅ ချက်
ကဲ... ပြောရရင် Meta တို့ X တို့က AI ကို အသည်းအသန်လုပ်နေကြပြီ။ တခြား social app တွေကလည်း ဒီရေစီးကြောင်းထဲ ပါဖို့ ကြိုးစားနေကြတယ်။ ဆိုတော့ social media ရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ။ ကျနော်တို့ အချင်းချင်း ပေါင်းသင်းဆက်ဆံပုံတွေရော ဘယ်လိုပြောင်းသွားမလဲ။ ဘယ်လိုပဲကြည့်ကြည့်ပါ၊ social media ဆိုတာ အခုခေတ်မှာ မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခု ဖြစ်နေပြီလေ။ Facebook သုံးတဲ့သူချည်းပဲ ကမ္ဘာပေါ်မှာ သန်း ၃,၀၀၀ ရှိတယ်နော်။ ကမ္ဘာ့လူဦးရေရဲ့ ၃၇% တောင်ရှိတယ်။ ဒါတောင် တရုတ်လိုနိုင်ငံတွေမှာ သုံးလို့မရတာ၊ အင်တာနက်မရှိတဲ့နေရာတွေကို ထည့်မတွက်သေးဘူး။ အဲ့ဒီလို platform ကြီးထဲကို Meta က AI bot တွေကိုပါ ထည့်လိုက်မယ်ဆိုရင် ဘာတွေဆက်ဖြစ်မလဲ။ Engagement တက်တာ Meta အတွက်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီ bot တွေကို စာပြန်ရိုက်နေတဲ့ ကျနော်တို့လို တကယ့်လူတွေအတွက်ရော ကောင်းရဲ့လား။ ဒါက စဉ်းစားစရာတွေထဲက တစ်ခုပဲ။ ကဲ... အဓိက စဉ်းစားရမယ့် အချက် ၅ ချက်ကို ကြည့်လိုက်ကြရအောင်။ ၁။ AI Character တွေ ဝင်လာတော့မယ် လူတစ်ယောက်လိုပဲ post တွေတင်၊ comment တွေဝင်ရေးမယ့် AI character တွေ ထည့်မယ်ဆိုပြီး Meta က ပြောလာတယ်။ ဒီသတင်းကြားတော့ လူတော်တော်များများ လန့်သွားကြတယ်။ ဒါပေမဲ့ ဒါက အသစ်အဆန်းကြီးတော့လည်း မဟုတ်ပါဘူး။ ကိုယ့် post တွေအောက်မှာ bot တွေက ဝင် interact လုပ်နေတာ နှစ်တွေနဲ့ချီနေပြီ။ အခုဆို AI character တွေက live လွှင့်ပြီး ဈေးတောင်ရောင်းနေကြပြီလေ။ ဒီလို AI character တွေထည့်တာက သူတို့အတွက်တော့ ယုတ္တိရှိတယ်။ ဘာလို့လဲဆိုတော့ လူတွေက ကိုယ့် follower အရေအတွက်တွေ တက်၊ like တွေအများကြီးရတော့ ပျော်တာပေါ့။ အဲ့ဒီ dopamine hit ကို လူတွေက သဘောကျတယ်။ သုံးတဲ့သူအများစုကလည်း ကိုယ့် follower အရေအတွက် တက်နေသမျှ ဒါက လူအစစ်လား၊ bot လားဆိုတာ သိပ်ခေါင်းထဲထည့်မှာမဟုတ်ဘူး။ Meta အတွက်တော့ ဒါက နိုင်ကွက်ပဲ။ ဒါပေမဲ့ စဉ်းစားစရာက AI bot တွေနဲ့ တကယ်ခင်သွားပြီး အဖော်အဖြစ် မှီခိုလာတဲ့အခါ ဖြစ်လာနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပဲ။ ဒီလိုဖြစ်လာရင် လူတွေနဲ့ ပိုကင်းကွာသွားပြီး တစ်ယောက်တည်း ပိုဖြစ်လာစေနိုင်တယ်။ ဒီလောက်ကြီးတဲ့ platform တစ်ခုအနေနဲ့ ဒီလိုကိစ္စတွေကို သေချာမလေ့လာဘဲ ရှေ့တိုးလုပ်တာကတော့ အန္တရာယ်များတယ်။ ဒါပေမဲ့ သူတို့ကတော့ လုပ်မှာပဲဆိုတာ ကျနော်တို့လည်း သိနေတာပဲလေ။ ၂။ သတင်းအမှားတွေနဲ့ ဦးနှောက်ခြောက်စရာတွေ နောက်တစ်ခုက သတင်းအမှားတွေပဲ။ တကယ်မဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို မဟုတ်မမှန်လုပ်ထားတဲ့ AI ပုံတွေ၊ ဗီဒီယိုတွေနဲ့ လူတွေကို လှည့်စားတာမျိုးပေါ့။
AI ဝင်လာရင် Social Media ဘာဖြစ်သွားမလဲ သိထားသင့်တဲ့ အချက် ၅ ချက်
1 like • Dec '25
[attachment]
1-1 of 1
Htun Lynn
1
4points to level up
@htun-lynn-4928
I CAN because I think I CAN

Active 22d ago
Joined Dec 14, 2025